This is the best gay website for Myanmar gay peoples.

Thursday, March 21, 2013

On 12:58 AM by Unknown in    No comments





“ဒါဆိုရင် အဲ့ဒီငွေထုတ်က အခင်းဖြစ်တဲ့နေရာမှာ ကျန်ခဲ့တယ်ပေါ့ဟုတ်လား”

“ဟုတ်ပါတယ် မမမိုးမြင့် ကျွန်တော်ကလဲ ရဲဆိုတာနဲ့ ကြောက်အားလန့်အားနဲ့ ပြေးလိုက်မိတာ အဲ့ဒီငွေထုတ်ကို ယူဖို့သတိမရလိုက်ဘူး”

“ကောင်းပြီး မင်းပြန်တော့ နောက်လိုမှငါဖုန်းဆက်မယ်”

“ဟုတ်ကဲ့မမမိုးမြင့်”

ကားသမားထွက်သွားသော အခါမိုးမြင့်က ၄င်းလက်ထဲရှိစီးကရက်ကို ဆေးလိပ်ခွက်ထဲသို့ ပြာခြွေလိုက်၏။ ထို့နောက် နှုတ်ခမ်းစပ်သို့ ပြန်တည့်ကာ တစ်ချက်မျှ ရှိုက်လိုက်သည်။ စီးကရက်မီးကလေးသည် ရဲကနဲဖြစ်သွားလေသည်။  ထို့နောက် မိုးမြင့်၏ နှုတ်ခမ်းမှ မီးခိုးငွှေ့များ လေထုထဲသို့ မှုတ်ထုတ်လိုက် လေသည်။ မီးခိုးငွှေ့တွေ ထွက်သွားသည်နှင့် တစ်ပြိုင်နက် မိုးမြင့်၏ နှုတ်ခမ်းထောင့် တစ်နေရာမှာလဲ ကွေးညွတ်သွားလေသည်။

“ဟင်း..... ဟင်း.......ဟင်း.......တွေ့ကြသေးတာပေါ့ ဂီနိုရယ်”


Sunday, March 10, 2013

On 5:44 AM by Unknown in    5 comments





အဝေးမှ ညငှက်တို့၏ အော်မြည်သံက သူ့နားထဲခပ်သဲ့သဲ့လေး ကြားနေရသည်။ နဖူးမှ စီးကျနေသော ချွေးစက်တို့က ညချမ်းလေးနှင့် မလိုက်ဖက်လှပါ။ သူအသက်တို့ကိုမှန်မှန်ရှူရင်း မောဟိုက်နွမ်းလျ လျက်ရှိ၏။ သူ့တစ်ကိုယ်လုံး ရိုက်ချိုးထားသလို အားအင်တို့ ချိနဲ့နေ၏။ ကိုယ်တွေလက်တွေနာကျင်ကာ မိမိကိုယ်ကိုပင် ထိန်းထားနိုင်စွမ်းမရှိတော့ချေ။ မှီထားသည့် ထောင်နံရံကြီးကား အေးစက်နေ၏။ သူ့မျက်စိတွေကို မှိတ်ထားမိသည်။ သူ့ရင်ဘတ်မှ တဒုတ်ဒုတ်နှင့်ခုန်နေသည့် နှလုံးခုန်သံကိုပင် ကြားနေရသည်။

“အား...................ကျွတ်စ်......ကျွတ်စ်.......”

စအိုဝမှ နာကျင်မှုဝေဒနာက ရုတ်တရက် စပ်ဖျဉ်းဖျဉ်းဖြစ်လာသဖြင့် သူ့လှဲထားသည့် ခြေထောက်တစ်ယောက်ကို တစ်ဖက်စောင်းပြန်ထောင်လိုက်မိ၏။ စအိုဝမှ ဒဏ်ရာကြောင့် ကောင်းကောင်းပင်မထိုင်နိုင်ပဲ တစ်ဆစ်ဆစ်နာကျင်နေလေ၏။ ဝေဒနာတွေကို ကျိတ်မှိတ်ခံစားရင်း သူ့ပါးပြင်မှ ပူနွေးနေသည့် မျက်ရည်စတစ်ချို့ကို လက်ခုံဖြင့်သုတ်လိုက်သည်။ သူ့ကိုလူမဆန်စွာ ညှင်းပန်းနှိပ်စက်ပြီး မုဒိမ်းကျင့်လိုက်သည့် ထောင်ထဲမှ လူထွားသုံးကောင်မှာမူ အာသာဝသီပြေပျောက်သွားပြီ ဖြစ်သဖြင့် တခေါခေါဖြင့် အိပ်မောကျနေချေပြီ။ သည်ပုံစံအတိုင်းသာ သည်ထောင်ထဲမှာ ဆက်နေရမည်ဆိုလျှင် ကြာလျှင် သူအသက်ထွက်သွားနိုင်သည်။ ထောင်ထဲက အမြန်လွတ်အောင် ဘယ်လိုလုပ်ရပါ့...............


                                                           **************

“မူးယစ်ဆေးဝါးတွေကိုမိတာတော့ ဟုတ်တယ် ဒါပေမယ့် အဲ့ဒီမူးယစ်ဆေးဝါးမှုမှာ တရားခံရှာရခက်နေတယ်”

Friday, March 1, 2013

On 3:58 AM by Unknown in    16 comments


တစ်ဦးကိုတစ်ဦးဘယ်လောက်ထိရည်ရွယ်ထားလဲ? ဘယ်လောက်ထိချစ်နိုင်ကြမှာလဲ?

ဒီခေါင်းစဉ်ကတော့ နံပါတ်တစ်စဉ်းစားရမည့် အချက်ဖြစ်ပါတယ်။ ကိုယ်က ချစ်သူထားမှာလား ဒါမှမဟုတ် ရည်းစားထားမှာလားဆိုတာကိုပါပဲ။ ချစ်သူနဲ့ရည်းစားက တကယ်တော့ အဓိပ္ပါယ်ချင်းမတူပါဘူး။ အပေါ်ယံကြား ရင်ခပ်ဆင်ဆင်ရှိပေမယ့် ချစ်သူဆိုတဲ့အဓိပ္ပါယ်ကတော့ ကိုယ်တကယ်ချစ်တဲ့သူ ကိုယ့်ကိုလဲ တကယ်ချစ်သူ ကိုချစ်သူလို့ခေါ်ပါတယ်။ ရည်းစားဆိုတာကတော့ အပျော်ထားရုံ အပျင်းပြေရုံသက်သက်ပဲ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်တွဲတော့မယ်ဆိုရင် သူ့ဖက်ကိုဖက် အဆင်ပြေအောင် ညှိယူနိုင်ဖို့အရေးကြီးပါတယ်။ တစ်ဦးနဲ့တစ်ဦးသည်းခံ နိုင်မှုအတိုင်းအတာကလဲ အဲ့ဒီလူနှစ်ဦးကြားမှာရှိတဲ့ သံယောဇဉ်အတိမ်အနက်ကိုဖော်ပြပါတယ်။ ဘယ်လောက်ပဲ ရန်ဖြစ်ရန်ဖြစ် မကွဲနိုင်ကြတဲ့ လင်မယားတွေကိုတွေ့ဖူးမှာပေါ့။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် တစ်သက်တာထိ လက်တွဲဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ဖြစ်လာသမျှ ပြဿနာကို အေးအတူပူအမျှ ရင်ဆိုင်နိုင်ဖို့ လိုအပ်ပါတယ်။

Role ကိစ္စ

ဒါကလဲ ဟိုမိုတွေအတွက် အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။  တစ်ခါတစ်လေ တစ်ဦးနဲ့တစ်ဦးချစ်ကြ ပေမယ့် role ကိစ္စအဆင်မပြေတာတွေ ရှိနေတတ်ပါတယ်။ ဥပမာ ကိုယ်ကလဲ top ကိုယ့်ချစ်သူကလဲ top ဖြစ်နေတာမျိုးတွေ role ချင်းတူနေတာမျိုးတွေကိုဆိုလိုတာပါ။ ဒါပေမယ့် စောစောကပြောသလို တစ်ဦးနဲ့တစ်ဦး တစ်သက်လုံးလက်တွဲဖို့ ဆုံးဖြတ်ထားတယ် သူမှသူ တစ်ခြားလူဆို ဘယ်သူမှမချစ်နိုင် ပါဘူးဆိုရင်တော့ role ချင်းညှိယူရပါလိမ့်မယ်။ ကိုယ်နဲ့ role ချင်းတူနေတဲ့ချစ်သူက ကိုယ့်ကိုလိုက်လျောပြီး top ကနေ ver အဖြစ်ဆင်းပေးလိုက်သည် ဆိုပါစို့။ အဲ့ဒီအခါကျ ကိုယ်က top ကပဲနေနေရုံနဲ့ မပြီးသေးပါဘူး။  သူကတောင် ကိုယ့်ကိုချစ်လို့ လိုက်လျောပေးထားရင် ကိုယ်က top ကြီးပဲနေမယ်ဆိုတော့ တရားမျှတမှု ရှိရဲ့လားဆိုတာကို စဉ်းစားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုမိုအချစ်ဆိုတာမျိုးက သာမန်အချစ်လို ဆက်ဆံရေးနဲ့နေလို့မရလို့ပါဘူး။ လောကကြီးကိုဆန့်ကျင်ထားတဲ့ အချစ်ဖြစ်တဲ့အတွက် သဘာဝမကျတဲ့ အလေ့အကျင့်တွေကို သဘာဝကျအောင် ဖန်တီးရယူရပါမယ်။ ဒီကိစ္စက role မတူတဲ့သူတွေအတွက်တော့ ပြဿနာတစ်ခုမဟုတ်ပါဘူး။

On 3:49 AM by Unknown in    3 comments




“ဂီနို..................................”

သူ့နားထဲတွင်ဘာမှ မကြားရတော့။ အနောက်မှ အော်သံနှင့်အတူ ကားနဘေးတွင် နီယွန်က တောက်လျောက် ကပ်ပါလာသည်။ နီယွန်၏ လက်များသည် ကားပြတင်းပေါက်မှန်ကို တဘုန်းဘုန်းပုတ်ခတ်လျှက် လိုက်ပါလာသည်။ သူ့မျက်လုံးတွေကို လုံးဝအကြည့်မလွှဲပဲ အရှေ့တည့်တည့်သို့သာ မူထားလိုက်သည်။ သူ့ရင်ဘတ်ကြီး တစ်ခုလုံး တုန်ရီစွာဖြင့် နွေးနေအောင် ခံစားနေရသည်။ ပြင်းထန်လှသည့် ရင်ခုန်သံတွေကြောင့် သူ့၏အသက်ရှူသံတွေကလဲ ကျယ်လောင် စွာရိုက်ခတ်နေသည်။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှသည်။ သူ့ကိုသူပင်မယုံနိုင်လောက်အောင်ပင် အိမ်မက်မက်နေသလိုလိုခံစားနေရသည်။ သူအခင်မင်ဆုံး သူအရင်းနီးဆုံး သူအယုံကြည်ဆုံး.........ပြီးတော့ သူအချစ်ဆုံး သူက သူ့ကို ယခုလို သစ္စာဖောက်လိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးပါ။

ကားက တဖြေးဖြေးအရှိန်ရလာသောအခါ နီယွန်ဆက်မလိုက်နိုင်တော့ပဲ ကတ္တရာလမ်းမပေါ်တွင် လဲကျသွားသည်။ ကားလေးကတော့ လုံးဝရပ်တန့်ခြင်းမရှိပဲ အရှိန်မှန်မှန်ဖြင့် ဆက်လက်ထွက် ခွာသွားတော့သည်။

Thursday, February 21, 2013

On 8:58 PM by Unknown in    1 comment




သူအံသြပြီးမှင်သက်သွားမိသည်။ ရုတ်တရက်ဆိုတော့ ဘာပြောရမှန်းပင်မသိတော့ချေ။ သူ့နှုတ်ခမ်းတွေ တုန်ရီလာရင်း  ဂီနို့ကို မျက်လုံးအဝိုင်းသား ဖြင့်သာငေးကြည့်နေမိ၏။

“နီယွန်.......”

“နီယွန်.......”

“မင်းကိုချစ်တယ်လို့ပြောနေတာကြားလား”

“ဟင်..........ဟို........ငါ...........ကြား.........အဲ့မကြား............ကြား”

ဂီနိုက သူ့ကိုတစ်ချက်စေ့စေ့ကြည့်သည်။ ထို့နောက် တခွိခွိရယ်တော့သည်။ ဂီနိုရယ်တော့ သူပိုလို့ပင် ရှက်လို့သွားမိသည်။ သူခြေဖျားလက်ဖျားတွေ အေးစက်လာ၏။ ရင်တွေလဲ တဒိန်းဒိန်းခုန်လာသည် သူ့ခန္ဓာကိုယ်ပေါ်မှ ဂီနို့ကိုတွန်းချပြီး ရေချိုးခန်းထဲမှထွက်လာခဲ့သည်။ ဂီနို ဒီကောင် တော်တော်မျက်ခွက်ပြောင်တဲ့ကောင် ဒီကောင် ငပြောင်.................

Monday, February 18, 2013

On 5:38 AM by Unknown in    8 comments




သံယောဇဉ်တစ်ခု စတင်တွယ်ကပ်လာပြီဆိုလျှင် လူကိုအလွန်အင်မတန်မှ မွန်းကြပ်စေသည်။ ယောက်ျားလေး တွေနှင့်ပဲ အထိအတွေ့များခဲ့သည့် နီယွန်က မိန်းမတစ်ယောက်ကို ချစ်ကြိုက်ရကောင်းမှန်း မသိတော့သည်လား။ ထိုမှမဟုတ် သူ့ကိုပဲ နီယွန်ကချစ်နေပြီလား။ နီယွန်ချစ်သည်က အကြောင်းမဟုတ်ပါ။ သူက နီယွန်ကိုချစ်နိုင်ပါ့မည်လား။ စိတ်ကူးယာဉ်ဆန်သည့် ယောက်ျားအချင်းချင်းချစ်သည့် အချစ်မျိုးသူတစ်ခါမှ မချစ်ခဲ့ဖူးပါ။ သူဒီလောကကိုရောက်လာခဲ့သည်ကလဲ ငွေကြေးချို့တဲ့သည့် သူ့ဘဝ အခြေအနေကြောင့်သာဖြစ်သည်။ သို့ပေမယ့် နီယွန့်ကိုတော့ မုန်းတီးနေသည့် စိတ်မရှိပါ။ သူ့အပေါ်စိုးရိမ်နေသော နီယွန့်ကို ကြည့်ပြီး သူသနားသည်။

ချစ်ချင်းအစသနားခြင်းကတဲ့။ တကယ်လို့သူသာ နီယွန့်ကိုသနားနေမိတာမှန်လျှင် သူလဲ နီယွန့်ကို ကြိုက်နေပြီလားမသိပါ။ ဘာပဲဖြစ်ဖြစ် နီယွန်က သူကဘေးနားမှ အမြဲရှိနေသည့် အဖော်မွန်ကောင်း တစ်ယောက်မှန်းသူသိသည်။ ထို့အပြင် နီယွန့်ကျေးဇူးတွေလဲ သူ့မှာရှိနေသေးသည်။  နီယွန်က သူ့ကိုကြိုက်သည်ဟု ဖွင့်ပြောလာခဲ့ရင်ကော။ သူမည်သို့ ဆုံးဖြတ်ရမည်နည်း။ ထူးဆန်းသည်က သူလဲယခုအချိန်ထိ မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားခဲ့ ခြင်းမျိုးမရှိခဲ့ခြင်းပင်။ သူသက်ပြင်းတစ်ချက်ချလိုက်ပြီး ကုတင်အောက်ထပ်ရှိ နီယွန့်ကို လှမ်းငုံ့ကြည့် လိုက်သည်။ နီယွန်ကတော့ ငြိမ်သက်စွာအိပ်ပျော်နေဟန်ရှိသည်။ ထို့နောက်စောင်ကိုခြုံကာ သူလဲ အိပ်ပျော်အောင် ကြိုးစားလိုက်၏။

“ဂီနို................”

Friday, February 15, 2013

On 12:59 AM by Unknown in    13 comments

လူတွေ၏နားထဲတွင် Gay ဟုဆိုလိုက်သည်နှင့် တစ်ချို့က မျက်နှာရှုံ့ကြမည်။ တစ်ချို့ ရွံရှာသလိုဖြစ်သွားကြမည်  တစ်ချို့ကျတော့လဲ ဘာမှမဖြစ်သလိုပဲနေကြသည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ဂေးတွေသည် လူတွေ၏ အပြောခံလူတန်းစားဘဝကနေ မလွတ်မြောက်နိုင်သေးသည်မှာ ယနေ့ထိတိုင်အောင်ဖြစ်သည်။ ထိုကဲ့သို့ ဖိအားများ ပတ်ဝန်းကျင်တွင် တည်ရှိနေသောကြောင့် မဖြစ်သင့် မဖြစ်ထိုက်သည့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာရသည်။ လူတွေ၏ တစ်ဖက်သက်အမြင်ဖြင့် ဂေးတွေကို ဖိနိမ့် ခွဲခြားဆက်ဆံကြသည် လှောင်ပြောင်သရော်ကြသည်။ ထို့ကြောင့် လူတစ်ယောက်ဟာ သူ့ကိုယ်သူ 100% ဂေးဟုသိနေလျှင်တောင်  ပတ်ဝန်းကျင်တွင် ဂေးဟုလူသိမခံတော့ချေ။ ထိုင်နေလျှက်အကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုသလို မိမိဘာသာ အပုန်းဘဝဖြင့်နေနေသည်က လူပြောမခံရပဲ အေးအေးဆေးဆေးနေနိုင် သေးသည်။ ပတ်ဝန်းကျင်တွင် ဂေးဟုဝန်ခံလိုက်ခါမှ မထင်မှတ်သည့် ဆိုးကျိုးတွေ ရရှိလာနိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့နေထိုင်သည်က မြန်မာနိုင်ငံမဟုတ်ပါလား...........

          သာမန် လိင်ကွဲကိုမှနှစ်သက်သူ Straight တစ်ယောက်သည် မိမိကိုယ်ဂေးဟု အစခံရပါက မည်သို့မျှ ဖြစ်မသွားသော်လည်း ကျွန်တော်တို့ ဂေးတွေသည် လူကြားသူကြားထဲတွင် မတော်တဆ ဂေးဟုအစခံရပါက နောက်ကျောမလုံသလိုဖြစ်မိတာတော့အမှန်ပင်ဖြစ်သည်။ အမှန်တကယ်တော့ လိင်စိတ်ဝင်စားမှု ပြောင်းလဲရာကနေ စတင်လာခဲ့ပြီး လိင်တူချင်းသာ ကြိုက်နှစ်သက်တတ်ကြသော ကျွန်တော်တို့ဂေးများသည် လူအဖွဲ့အစည်းတစ်ခုလုံး၏ လူသားများသာဖြစ်ပါသည်။
On 12:58 AM by Unknown in    1 comment



လေးကောင်ဂျင်ဝိုင်းတစ်ခုတွင် လူများအုံခဲလျှက်ရှိသသည်။ ထိုလူများ၏ မျက်နှာများတွင် ဇောချွေးများ ပြန်လျှက်ရှိပြီး အုပ်ဆောင်းအုပ်ထားသော လေးကောင်ဂျင်သီးကို စိတ်ဝင်စားနေကြသည်။ ဝိုင်းတစ်ခုလုံး အပ်ကျသံမျှ မကြားရလောက်အောင် တိတ်ဆိတ်နေသည်။ လူတစ်ချို့၏ မျက်လုံးများကတော့ ကျီးကန်တောင်မှောက်နှင့် ဂဏာမငြိမ်ကြပါ။ တစ်ချို့က ပါးစပ်တွင် ပွစိပွစိဖြင့် တစ်ခုခုကို ဆုတောင်းနေ သယောင်ယောင်......

“ကဲ....အားလုံး လက်ရှောင်...ပေါက်ကောင်ဖွင့်မယ်”

အုပ်ဆောင်းရှေ့တွင် ထိုင်နေသော လူဝဝကြီး၏ အသံကြောင်း အားလုံး စိတ်ပိုလှုပ်ရှားသွားသည်။ ထို့နောက် လူဝဝကြီးက အုပ်ဆောင်းကိုလှပ်လိုက်လေ၏။

“ကြက်................”

“ဟာ......................................”

“ဟင်......................................”

“ဟယ်မိုက်ရိုင်းချက်တော်......................................”

Thursday, February 7, 2013

On 12:37 AM by Unknown in    2 comments

သူရေကန်ထဲသို့ရောက်သောအခါ နေကသူ့ကိုအရှေ့ဖက်သို့လှည့်စေပြီး အနောက်မှနေ၍ သူ့လက်နှစ်ဖက်ကို ကိုင်ကာ ထိုင်လိုက်စေသည်။ သူထိုင်လိုက်တော့ ရေကန်ထဲတွင်ရှိသည့် နေ့ပေါင်ပေါ်သို့ ထိုင်မိသွားသည်။ နေကအတွင်းခံဘောင်းဘီဝတ်ဆင်ထားသေးသဖြင့် သူထိုင်လိုက်တော့ နေ့ပစ္စည်းခုလုခုလု လေးပေါ်တွင် ထိုင်ရခက်သလိုဖြစ်နေသည်။ နေကသူ့ဝမ်းဗိုက်တွေကို သိုင်းဖက်လိုက်ပြီး အနောက်သို့ ဆွဲလှဲလိုက်၏။  သူထိုင်ရတာ နည်းနည်းတော့ အဆင်မပြေသလိုရှိသည်။ သို့ပေမယ့် စိတ်ထဲကတော့ ကျေနပ်နေသည်။

နေကတဖြည်းဖြည်းဖြင့်သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သိုင်းဖက်ထားသည်။ ရေခိုးရေငွှေ့တွေ လှိုင်နေသော ရေချိုးကန်ထဲတွင် နေနှင့်သူနှစ်ယောက်သား ကြည်နူးနေမိသည်။ နေ့အသားအရေတွေနှင့် သူထိတွေ့နေရသည်ကပင် သူ့ကိုကျေနပ်နှစ်သိမ့်မှုတွေ များစွာဖန်တီးပေးလျှက်ရှိ၏။ နေ့ရင်ခွင်ထဲတွင် အသာသူမှေးနေလိုက်သည်။ နေကတော့ သူ့ကိုအသာအယာလေး ပွတ်သပ်ပေးနေသည်။ တဖြေးဖြေးဖြင့် နေ့လက်တွေက သူ့ပေါင်ရင်းနားသို့ရောက်လာကာ သူ့ပေါင်သလုံးသားတွေကို ဆုပ်နှယ်နေ၏။ နေ့၏ အပြုအမူအောက်တွင် သူယစ်မူးရင်း သာယာလှိုက်မောနေမိကာ လောကကြီးတစ်ခုလုံးကို မေ့ချင်သွားသည်။

Wednesday, January 30, 2013

On 8:14 AM by Unknown in    2 comments


ဆောင်းဝင်စဖြစ်တာကြောင့်ရာသီဥတုက အေးစက်စက်နိုင်လာသည်။ သူနှင့်နေ ထမင်းဆိုင်မှ ထွက်လာပြီးနောက် ညဈေးတန်းလေးကို ဖြတ်ကာလမ်းလျှောက်လာခဲ့ကြသည်။ အေးစက်စက် လေညှင်းလေးနှင့်အတူ နေကသူ့ပခုံးကိုဖက်ထားသောကြောင့် လမ်းလျှောက်ရသည်မှာ အရသာတစ်မျိုးပင်။ ဈေးထဲတွင်များသောအားဖြင့် အဝတ်အစားတွေသာရောင်းသည်ကများသည်။ နေက သူလိုချင်သည့်အဝတ် အစားတွေအကြောင်းကို တတွတ်တွတ်ပြောနေသည်။ သူကတော့ ပြုံးရင်းသာနားထောင်နေလိုက်သည်။
     
 ဈေးမှပြန်ရောက်သောအခါ နေ့ကိုတောင်ပေါ်ရှိရပ်တော်မူဘုရားသို့ လိုက်ပို့ပေးလိုက်သည်။ ထိုဘုရားမှအပြန်တွင်တော့ ဘယ်မှမဝင်တော့ပဲ သူတို့နှစ်ယောက်လုံး Hotel သို့တန်းပြန်ခဲ့ကြ၏။ Hotel သို့ရောက်တော့ တံခါးပိတ်လုနီးနေပြီဖြစ်သည်။ ထို့နောက် နှစ်ရောက်လုံး မိမိအခန်းသို့ပြန်တက်ခဲ့ကြ၏။
အခန်းထဲသို့ရောက်သော် နေက ခြေပစ်လက်ပစ်ကုတင်ပေါ်သို့ လှဲချလိုက်သည်။ သူနေ့ကို တစ်ချက်ကြည့်လိုက်ပြီး တံခါးကိုပြန်ပိတ်ကာ လော့ချလိုက်၏။ နေကတော့ ကုတင်ပေါ်တွင် သက်ပြင်းချလျှက်ရှိသည်။ သူနေ့အနားကပ်သွားလိုက်သည်။ နေကသူ့ကို မြင်တော့ လက်ကိုလှမ်းဆွဲကာ ကုတင်ပေါ်သို့ ဆွဲချလိုက်သည်။ ထို့နောက်နေက သူ့ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

“အောင်............”

“နေ့ကို ကြောက်နေတာလား”

Sunday, January 27, 2013

On 7:05 AM by Unknown in    7 comments


အခြောက်မကြီးသည် ဂီနို၏ဆောင့်ချက်ကြောင့် သွေးများထူပူသွားပြီး နာကျင်သွားသည်ထင်သည်။ ရုတ်တရက် အနည်းငယ်ငြိမ်သက်သွားသည် ။ ထို့နောက် အနောက်ကိုလှည့်ပြီး ဂီနို့ကို ကြည့်ကာ သူ့တင်ပါးထဲသို့ ဝင်နေသော ဂီနို့ပစ္စည်းကို အသာဆွဲထုတ်လိုက်သည်။

“မမ အရမ်းနာသွားလား “

“အင်း မမအနောက်ပိုင်းကအလုပ်မလုပ်တာ နည်းနည်းကြာနေပြီ မောင်လေးရဲ့။ မမကလည်း အခုတလော အလုပ်တွေသိပ်များတယ်လေ ဖြေးဖြေးပြန်လုပ်ပေးပါကွယ်နော် “

ဂီနိုတစ်ချက်ရယ်ချင်သွားသည် စောစောက ခံချင်လွန်း၍ ရွပိုးထိုးနေသည့် မျက်နှာက ယခုတော့ သနားစရာကောင်းနေပြန်သည်။ ထို့ကြောင့် မိမိကိုယ်မိမိ မျက်နှာပိုးသပ်ကာ စီစီ၏ တင်ပါးတွေကို အသာပြန်ဆုတ်နှယ်ပေးလိုက်သည်။ ထို့နောက် သူမ၏ကျောပြင်တွေကို အသာအာငွှေ့နွေးနွေးလေးရအောင်ပေးလိုက်သည်။ ထို့နောက် သူမတင်ပါးတွေပေါ်သို့ မှောက်ချလိုက်ကာ အနောက်ကနေ အသာနမ်းရှိုက်နေလိုက်၏။ တစ်ချက်တစ်ချက်တွင် စီစီ၏တင်ပါးတွေက အငြိမ်မနေပဲ ကော့တက်လာသဖြင့် သူပါအပေါ်သို့အနည်းငယ်မြောက်မြောက်သွားသေးသည်။

“မမ ပက်လက်လှန်လိုက်ပါလား “

“အင်း မောင်လေး”

On 5:22 AM by Unknown in    1 comment
သူ့ရဲ့ဘဝတွင် ပထမတစ်ခါ အချစ်ကိုနမ်းရှိုက်ခဲ့ပြီးနောက် အချစ်ရဲ့ ခါးသီးတဲ့အဆိပ်တွေ အချစ်ကြောင့် ရရှိခဲ့တဲ့ နာကျင်မှုဝေဒနာတွေက အချစ်ဆိုတဲ့အရာကြီးနဲ့ သူ့ကို ကင်းကွာသွားစေခဲ့ပါသည်။ အချစ်ဆိုတာ သူ့အတွက် မကောင်းဆိုးဝါးတစ်ကောင်လို အမြဲတမ်းဆိုးကျိုးတွေ ပေးနေတတ်တာ။ ရှင်းရှင်းပြောရရင် သူအချစ်ကိုကြောက်နေခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ အချစ်နဲ့မပက်သက်ရဲခဲ့သလို အချစ်နဲ့မပက်သက်အောင်လဲ သူအမြဲကြိုးစားနေခဲ့သည်။ အချစ်ဟာ တကယ်တော့ သူ့အတွက် အသုံးမဝင်တဲ့အမှိုက်ထုပ်ကြီးလိုပါပဲ။ သူဥပေက္ခာပြု စွင့်ပစ်ထားခဲ့တာ ယခုဆိုလို့ရှိရင် အဲ့ဒီအချစ်တွေက ပုပ်သိုးဆွေးမြေ့နေလောက်ရောပေါ့။

ဥပမာပြောရရင် သူက သံလိုက်တုံးလေးတစ်ခုနဲ့ တူသည်။ သံလိုက်တုံးရှိရာကို သံတိုသံစလေးတွေက လာကပ်စမြဲဖြစ်သလို သူ့ဆီကို တွယ်တာကပ်ညိလာတဲ့ အနှောင်အဖွဲ့ တွေ ပင့်ကူမျှင်တွေလိုရှုပ်ထွေးနေတဲ့ အချစ်အတုအယောင်တွေကို သူရှောင်တိန်းနိုင်သမျှ ရှောင်တိန်းခဲ့ပါသည်။ ဒါပေမယ့် ဆိုရိုးစကားလို့ဆိုရမလားပဲ အချစ်ဆိုတာ လူသားအားလုံးနဲ့ မကင်းဘူးတဲ့။ အချစ်ဟာ နှလုံးသားရှိတဲ့လူသားအားလုံးနဲ့ သက်ဆိုင်နေသည်တဲ့။ သူကရော နှလုံးသားနဲ့တည်ဆေက် ထားတဲ့လူသားတစ်ယောက်ပဲမဟုတ်လား။ နှလုံးသားဆိုတာ ချစ်ဖို့ ခံစားဖို့အတွက်ပဲလေ သူဘယ်လောက်ပဲ ဥပဒေတွေထုတ်ပြီး တားမြစ်ပိတ်ပင်ထားခဲ့ပေမယ့် သူနှလုံးသားလေးဟာ တစ်ကြိမ်တစ်ခါသော အချိန်မှာတော့ သူ့ဥပဒေတွေကို ချိုးဖောက်ပြီး အချစ်ဆိုတဲ့နတ်ဆိုးရဲ့ရှေ့မှာ ဒူးထောက်လို့ အရှုံးပေးအခစားဝင်သွားခဲ့ပါသည်။ အင်းလေ.......... သူကိုယ်တိုင်ကလဲ ဘာသားနဲ့ထုထားတာမိုလို့လဲ.................

Saturday, January 26, 2013

On 5:51 AM by Unknown in


ဦးလှဝင်းနဲ့ ဒေါ်နန်းသူဇာတို့ နှစ်ယောက်ဟာ ကုတင်ပေါ်က သားဖြစ်သူ မော်ကွန်းကို တစ်လှည့် ၊ ဒေါက်တာဦးခန့်နိုင်ကို တစ်လှည့်ကြည့်ရင်း မျက်နှာ မသာမယာ ရှိနေကြတယ်။ ဒေါက်တာဦးခန့်နိုင်ရဲ့  လက်ထဲက ကြိုးတန်းလန်းနဲ့ ချိန်သီးဟာ ပက်လက်လှန်အိပ်နေတဲ့ မော်ကွန်းရဲ့ မျက်နှာပေါ်မှာ ဟိုဒီလှုပ်ရှား ယိမ်းထိုးနေတယ်။ မော်ကွန်းရဲ့  ကြောင်စီစီ မျက်လုံးတွေထဲက မျက်ဆန်နက်နှစ်ခုဟာ အိပ်မွေ့ချ ချိန်သီးသွားလေရာကို  ရွေ့ လျားလိုက်ပါနေတယ်။ အခန်းထဲမှာက ဒေါက်တာဦးခန့်နိုင်ရဲ့  အသံတစ်ခုကလွဲရင် အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်လျက်။

" မျက်လုံးတွေ တဖြည်းဖြည်းနဲ့ မှေးစင်းလာပြီ ၊ မင်း အိပ်ချင်လာပြီ ၊ ဟုတ်တယ် ၊ မင်း အရမ်းကို အိပ်ချင်နေပြီ ၊ မင်း အိပ်တော့မယ် ၊ အိပ်တော့မယ် "

ဒေါက်တာဦးခန့်နိုင်ရဲ့  လေသံက တိုးတိုးလေးပေမယ့် အမိန့်သံ နည်းနည်းရောစွက် ပါဝင်နေတယ်။ မော်ကွန်းရဲ့  မျက်လုံးတွေဟာ ချိန်သီးကို လိုက်ကြည့်နေရာကနေ ဒေါက်တာရဲ့  စကားကို မလွန်ဆိုင်နိုင်သည့်အလားတဖြည်းဖြည်း မှေးစင်းလာတယ်။

" မျက်လုံးတွေ မှေးလာပြီ .. မျက်ခွံတွေ အရမ်းလေးလံလာပြီးတော့ မင်း အိပ်ချင်နေပြီ .. အိပ်တော့မယ် .. အိပ်ပစ်လိုက်  .. အိပ်ပစ်လိုက် .. ဘာကိုမှ မစဉ်းစားပဲ အိပ်ပစ်လိုက် .. အိပ်တော့ .. အိပ်ပစ်လိုက်တော့ "

မော်ကွန်းရဲ့ မျက်လုံးတွေဟာ တဖြည်းဖြည်းနဲ့ မှေးသည်ထက် မှေးစင်းလာတယ် .. နောက် မှေးနေရာကနေ မျက်လုံးတွေ မှိတ်သွားတယ် .. ဒါပေမယ့် မျက်ခွံတွေအောက်က မျက်လုံးတွေဟာ ဂနာမငြိမ်ပဲ လှုပ်ရှားနေတုန်းပဲ .. ဒေါက်တာ ဦးခန့်နိုင်ရဲ့ အသံက အဆက်မပြတ် ဆက်လက်ထွက်ပေါ်နေတယ် .

" မင်း အိပ်သွားပြီ .. ဟုတ်တယ် .. မင်း အိပ်ပျော်သွားပြီ .. အိပ်သွားပြီ "

မျက်ခွံတွေအောက်မှာ လှုပ်ရှားနေတဲ့ မော်ကွန်းရဲ့ မျက်လုံးတွေက တဖြည်းဖြည်း ငြိမ်သက်သွားတယ် .. ခဏအကြာမှာတော့ အသက်ရှူသံ မှန်မှန်နဲ့ မော်ကွန်း အိပ်ပျော်သွားတယ် .. ဒေါက်တာ ဦးခန့်နိုင်စာ နဖူးပေါ်က ချွေးစတချို့ကို လက်ဖမိုးနဲ့ အသာပင့်သုတ်လိုက်ရင်း ဦးလှဝင်းနဲ့ ဒေါ်နန်းသူဇာကို တစ်ချက်ကြည့်တယ် .. ပြီးနောက် လက်ထဲက အိပ်မွေ့ချ ချိန်သီးကို ကုတင်အစွန်းမှာ အသာချထားလိုက်ရင်း ခဏ ငြိမ်သက်သွားတယ် .. ခဏအကြာမှာတော့ ဒေါက်တာဦးခန့်နိုင်ရဲ့  အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး ပြန်လည်ထွက်ပေါ်လာတယ် ..

" ကောင်လေး .. ကောင်လေး .. "

ဒေါက်တာဦးခန့်နိုင်က အိပ်ပျော်နေတဲ့ မော်ကွန်းမျက်နှာကို စူးစူးစိုက်စိုက် ကြည့်ရင်း ခေါ်လိုက်တယ် ..

"ကောင်လေး .. ကောင်လေး .. "

ခေါ်သံကြောင့် မော်ကွန်းဟာ အိပ်ပျော်နေလျက်ကနေ အနည်းငယ် လှုပ်ရှားလာတယ် .. ဒေါက်တာဦးခန့်နိုင်က ခေါင်းကို အသာအယာ ညိတ်လိုက်ရင်း မေးခွန်းကို စမေးတယ် ..

" ကောင်လေး .. မင်းနာမည် ဘယ်လိုခေါ်လဲ .. "

မော်ကွန်းရဲ့ ခေါင်းဟာ သိသိသာသာ ဘယ်ညာ လှုပ်ရှားလာတယ် .. နောက် နှုတ်ခမ်းတွေက တဖြည်ြး့ဖည်း တုန်ယင်လှုပ်ခတ်လာရာကနေ စကားသံ တစ်ခု ထွက်လာတယ် ..

" မော် .. မော်ကွန်း "

ထွက်လာတဲ့ အသံက တိုးတိုးလေး .. တကယ့်ကို လေသံမျှလောက် သဲ့သဲ့ကလေး .. ဒေါက်တာဦးခန့်နိုင်က ခေါင်းကို တချက် ညိတ်လိုက်ပြန်ကာ မေးခွန်းကို ထပ်မေးတယ် ..

" ဟုတ်တယ် .. မှန်တယ် .. မင်း နာမည်က မော်ကွန်းပဲ .. ဒါဖြင့် မင်းအသက် ဘယ်လောက် ရှိပြီလဲ "

မော်ကွန်းဆီက အဖြေတန်းထွက်မလာဘူး .. ဒေါက်တာဦးခန့်နိုင်က မေးခွန်းကို နောက်တစ်ကြိမ် ထပ်မေးတယ် ..

" မင်း အသက် ဘယ်လောက် ရှိပြီလဲ .. "

မော်ကွန်းရဲ့  ဦးခေါင်းဟာ စောစောကထက် ပိုပြီး ဘယ်ညာ လှုပ်ယမ်းလာတယ် .. နောက်တော့ သူ့ နှုတ်ခမ်းက မေးခွန်းနဲ့ ဘာမှ မဆိုင်တဲ့ စကားတစ်ခွန်း ထွက်လာတယ် ..

" ကျွန်တော် .. ကျွန်တော် .. ယောက်ျားစစ်စစ်တစ်ယောက်ပါ "